Wednesday, February 8, 2012
Friday, January 21, 2011
ကမ္ဘာ့ စတုတ္ထ အကြီးဆုံး ထရပ်ကား လုပ်ငန်း မြန်မာတွင် စက်ရုံဖွင့် ၊ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခြင်း၊ ကားရောင်းဝယ်ခြင်း၊ ယာဉ်အပိုပစ္စည်း ထုတ်လုပ်ခြင်းမျာ
- ကမ္ဘာ့ စတုတ္ထ အကြီးဆုံး ထရပ်ကား လုပ်ငန်း မြန်မာတွင် စက်ရုံဖွင့် ၊
- မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခြင်း၊ ကားရောင်းဝယ်ခြင်း၊ ယာဉ်အပိုပစ္စည်း ထုတ်လုပ်ခြင်းများ ပြုလုပ်ရန် ဟွန်ဒါကားကုမ္ပဏီ အပါအ၀င် ဂျပန်ကားကုမ္ပဏီများ လာရောက်မည်၊
- ထူးခြားမှုများနှင့် လျှပ်တစ်ပြက် ၂၀၁၀
ကမ္ဘာ့ စတုတ္ထ အကြီးဆုံး ထရပ်ကား လုပ်ငန်း မြန်မာတွင် စက်ရုံဖွင့်
ကမ္ဘာ့ စတုတ္ထ အင်အားကြီးဆုံး ထရပ်ကား ထုတ်လုပ်သူ ဖြစ်သည့် Ta Ta Motors Ltd က တည်ထောင်သော ထရပ်ကား ထုတ်လုပ်ရေး စက်ရုံ တစ်ခုကို မြန်မာနိုင်ငံ အလယ်ပိုင်း မကွေး မြို့နယ်တွင် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့က ဖွင့်လှစ် လိုက်ပြီ ဖြစ်သည်။ အဆိုပါ စက်ရုံရှိ Heavy Turbo Trade Factory မှ တစ်နှစ် ထရပ်ကား စီးရေ ၁၀ဝ၀ ထုတ်လုပ် မည်ဖြစ်ပြီး စီးရေ ၅၀ဝ၀ ထုတ်လုပ် နိုင်အောင် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း၊ ယင်းစက်ရုံကို အိန္ဒိယ အစိုးရ၏ မြန်မာ အစိုးရသို့ အမေရိကန် ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိ ချေးငွေ Line of Credit (LOC) ဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း အိန္ဒိယ သံရုံး သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ Ta Ta သည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နိုင်ငံ တို့အပြင် တောင် အာဖရိက၊ ရုရှား နိုင်ငံ တို့သို့လည်း ၄င်း၏ ထရပ်ကားများ တင်ပို့ ရောင်းချလျက် ရှိသည်။ Ta Ta Mortors သည် ယခင် ဗြိတိသျှပိုင် အမှတ် တံဆိပ် Jaguar နှင့် Land Rover တို့ကို ဝယ်ယူ ထားသူလည်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ကလည်း အိန္ဒိယ နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်သော အမှတ်(၂) စက်မှု ဝန်ကြီး ဌာန စက်မှု သင်တန်းကျောင်း (ပခုက္ကူ) ကို မြန်မာနိုင်ငံက လွှဲပြောင်း လက်ခံ ခဲ့သည်။ ယခု ဖွင့်လှစ်သော စက်ရုံမှာ ကမ္ဘာ့ အမှတ် (၂) စက်မှု ဝန်ကြီး ဌာန မြန်မာ့ မော်တော်ယာဉ်နှင့် ဒီဇယ် အင်ဂျင် ထုတ်လုပ်မှု လုပ်ငန်း၏ အမှတ် (၃) မော်တော်ယာဉ် ထုတ် လုပ်မှု စက်ရုံ (မကွေး) Heavy Turbo Truck Assembly Shop နှင့် Gear & Transmission Plant တို့ဖြစ်ပြီး တစ်နှစ်လျှင် ထရပ်ကား စီးရေ ၅၀ဝ၀ ထုတ်လုပ် နိုင်ကြောင်း၊ ထရပ်ကားထုတ် စက်ရုံမှာ အိန္ဒိယ သမ္မတ နိုင်ငံ Ta Ta Motors Ltd ၏ နည်းပညာ အကူအညီဖြင့် ပူးပေါင်း တည်ဆောက်ခြင်း ဖြစ်ပြီး ဂီယာ စက်ရုံကို တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ China New Era International Inc နည်းပညာ အကူအညီဖြင့် ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းကြောင့် နိုင်ငံပိုင် သတင်း မီဒီယာ များတွင် ဖော်ပြသည်။
| မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခြင်း၊ ကားရောင်းဝယ်ခြင်း၊ ယာဉ်အပိုပစ္စည်း ထုတ်လုပ်ခြင်းများ ပြုလုပ်ရန် ဟွန်ဒါကားကုမ္ပဏီ အပါအ၀င် ဂျပန်ကားကုမ္ပဏီများ လာရောက်မည် | |
| ဂျပန်နိုင်ငံမှ ဟွန်ဒါကားကုမ္ပဏီ အပါအ၀င် ဂျပန်ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခြင်း၊ ကားရောင်းဝယ်ခြင်း၊ ယာဉ်အပိုပစ္စည်း ထုတ်လုပ်ခြင်းများ ပြုလုပ်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးမည် ဖြစ်ကြောင်း မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ သတင်း ရရှိပါသည်။ ဟွန်ဒါကုမ္ပဏီအပြင် အခြားသော ယာဉ်အပိုပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ၊ ပြိုင်ကားနှင့်ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်း စစ်ဆေးသည့် ကုမ္ပဏီ၊ ကားရောင်းဝယ်မှု ၀န်ဆောင်မှု ပေးသည့် ကုမ္ပဏီများ ပါဝင်လာမည် ဖြစ်ပြီး လုပ်ငန်းရှင် ၂၀ ဦးခန့် လိုက်ပါလာမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့ကို ဂျပန်နိုင်ငံမှ SUZUKA Chamber of Commerce and Industry မှ Automotive Industry Group ၏ တာဝန်ရှိသူက ဦးဆောင်လာရောက်မည် ဖြစ်ကြောင်း သိရသည်။ ဂျပန်ကားကုမ္ပဏီများမှ လုပ်ငန်းရှင်များ အနေဖြင့် လာရောက် ဆွေးနွေးရာတွင် မြန်မာလုပ်ငန်းရှင်များဖြင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နိုင်ရေး အတွက် တွေ့ဆုံသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ''ဂျပန်နိုင်ငံက ကားထုတ်လုပ်တဲ့ ကုမ္ပဏီအဖွဲ့လာပြီး ဆွေးနွေးဖို့ ရှိတယ်။ ကုမ္ပဏီ ၁၇ ခု ပါဝင်ပြီး စီးပွားရေး လုပ်ငန်းရှင် ၂၀ ပါမယ်။ ဟွန်ဒါကားကုမ္ပဏီပါ ပါဝင်လာမှာ ဖြစ်တယ်။ ကားရောင်းဝယ်တဲ့ ကုမ္ပဏီ၊ ကားထုတ်တဲ့ ကုမ္ပဏီအပြင် ကားနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီအတော်များများ ပါလာမယ်။ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေနဲ့ ဇန်န၀ါရီလ ၁၈ ရက် နေ့မှာ တွေ့ဆုံ ဆွေးနွေးပါမယ်။ UMFCCI မှာပဲ တွေ့ဆုံကြပါမယ်''ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။ ''အဓိကအချက် အနေနဲ့ မြန်မာနိုင်ငံမှာ ကားထုတ်လုပ်ဖို့၊ ကားရောင်းဝယ်ဖို့၊ ကားအပိုပစ္စည်း ထုတ်လုပ်ဖို့၊ ကားဆေးသုတ် ပြုပြင်ထိန်းသိမ်း စစ်ဆေးတဲ့ လုပ်ငန်းလုပ်ဖို့နဲ့ တခြား ဆက်စပ်တဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေပါလုပ်ဖို့ လာပြီး ဆွေးနွေးတာပါ။ မြန်မာလုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ဖို့ အတွက် တွေ့ဆုံကြမယ်''ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။ မြန်မာနိုင်ငံတွင် ကားနှင့်အပိုပစ္စည်း ထုတ်လုပ်ရန်၊ မြန်မာလုပ်ငန်းရှင်များ လိုအပ်သည့် ယာဉ်အပိုပစ္စည်းများ ထုတ်လုပ် ရောင်းချရန်အတွက် Nissan ကုမ္ပဏီနှင့် ဆက်စပ် ကုမ္ပဏီများမှလည်း လာရောက် ဆွေးနွေးရန် ကမ်းလှမ်းမှု ရှိကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။ လာရောက်မည့် ဂျပန်ကားကုမ္ပဏီ အချို့
|
ထူးခြားမှုများနှင့် လျှပ်တစ်ပြက် ၂၀၁၀
(၂ဝ၁ဝ)ပြည့်နှစ်တွင် မြန်မာပြည်သူလူထု အတွက် အစိုးရသစ်တစ်ရပ်ကို ရွေးချယ်မည့် ရွေးကောက်ပွဲ ကျင်းပမည် ဆိုခြင်းကြောင့် (၂ဝ၁ဝ)ပြည့်နှစ်သည် နိုင်ငံရေးနှစ် တစ်နှစ်ဖြစ်ခဲ့သည်။ နိုင်ငံရေးနှစ် တစ်နှစ်ဖြစ်ခဲ့သည့် (၂ဝ၁ဝ)ပြည့် နှစ်သည်လအလိုက် ထူးခြားမှုများနှင့် ပြည့်နှက်လျက်၊ ပျော်ရွှင်စရာများ၊ ငိုချင်စရာများ၊ ဝမ်းသာစရာများ၊ ဝမ်းနည်းစရာများ၊ ပြုံးစရာများ၊ မဲ့စရာများနှင့် ပြည်သူတို့၏ ရင်ကို တစ်လှပ်လှပ် တစ်ဖျပ်ဖျပ်ဖြင့် ရင်ခုန်စိတ်လှုပ်ရှား စေခဲ့သော (၂ဝ၁ဝ)ပြည့်နှစ် ဖြစ်ခဲ့သည်။
ကျွန်တော်တို့သည် နိုင်ငံရေးသမားများ ဖြစ်သည်။ ကျွန်တော်တို့သည် စီးပွားရေးသမားများ ဖြစ်သည်။ ကျွန်တော်တို့သည် အနုပညာသမားများ ဖြစ်သည်။ ကျွန်တော်တို့သည် စာပေသတင်းသမားများ ဖြစ်သည်။ ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သည်။ ကျွန်တော်တို့သည် အားကစားသမားများဖြစ်သည်။ ကျွန်တော်တို့သည် အဆိုတော်များဖြစ်သည်။ ကျွန်တော်တို့သည် ပြည်သူထဲကပြည်သူဖြစ်သည်။ ကျွန်တော်တို့သည် ဘာကြီးပဲဖြစ်သည်ဖြစ်သည် . . . . .
(၂ဝ၁ဝ)ပြည့်နှစ်ထဲတွင် ကျွန်တော်တို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့သော အကြောင်းအရာကိစ္စရပ်များသည် ကျွန်တော်တို့ကိုယ်တိုင် တာဝန်ယူရမည့် သမိုင်းအရိပ်ကြီးဖြစ်ပေသည်။ ထိုထိုသော သမိုင်းအရိပ်များအဖြစ်ကျန်ရစ်ခဲ
ဇန်နဝါရီ(၁)ရက်
ထိုနေ့သည် (၂ဝ၁ဝ)ပြည့်နှစ်၊ ဇန်နဝါရီလ(၁)ရက်ဖြစ်သည်။ (၂ဝ၁ဝ)ပြည့် နှစ်၊ ဇန်နဝါရီ(၁)ရက်သည် (၂ဝဝ၉)ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်ပြီးဆုံး နိဂုံးချုပ် သွားခဲ့ခြင်းကြောင့် (၂ဝ၁ဝ)ပြည့်နှစ်၊ ဇန်နဝါရီ(၁)ရက်သို့ရောက်ခဲ့ခြင်
အဆုံးနဲ့အစက ခေါင်းနဲ့ပန်းလိုကျောချင်းကပ်ထာ
(၂ဝ၁၁)ခုနှစ်၊ ဇန်နဝါရီ(၁)ရက်သည်လည်း (၂ဝ၁ဝ)ပြည့်နှစ်ကဲ့သို့ပင် စ၍ ဆုံးရမည့် ဒီဇင်ဘာ(၃၁)ရက်ကို ရောက်လာဦးမည်ဖြစ်ပါသည်။ နှစ်တစ်နှစ်သည် စလိုက်ဆုံးလိုက်နှင့် ကျွန်တော်တို့သည် တစ်နှစ်ပြီးတစ်နှစ်ရင့်မှည့်ပြီ
ဇန်နဝါရီ(၂/၃/၄)ရက်
(၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် စာဖတ်သူတိုးပွားလာစေရန် ရေးသူ၊ ဖတ်သူတွေ့ဆုံပွဲကို မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်
ဇန်နဝါရီ(၈)ရက်
ရန်ကုန်တိုင်းဒေသကြီး တက္ကစီအငှားယာဉ် ကြီးကြပ်ရေးကော်မတီမှ မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သော City Taxi များကို ဖော်ထုတ် အရေးယူမည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့တော်စည်ပင်ရုံးတွင် ကျင်းပပြု လုပ်ခဲ့သည်။ ယင်းသတင်း၏ နောက်ဆက်တွဲ ဂယက်အဖြစ် ခရီးသည်တင် ယာဉ်လိုင်းများမှ ဟိုင်းလပ်၊ ဒိုင်နာ၊ ဘီအမ်(BM)နှင့် အဲယားကွန်း ပါသော/မပါသော အထူးယာဉ်ကြီးများကိုပါ လိုက်လံ စစ်ဆေးသင့်ကြောင်း ခရီးသွားပြည်သူများက မျှော်လင့်ချက်ဖြင့် ထင်ကြေးပေးခဲ့ကြသည်။
ဇန်နဝါရီ(၁၅)ရက်
ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ ရွှေဘို၊ မုံရွာ၊ ပြင်ဦးလွင်၊ လားရှိုးမြို့များတွင် နေကြတ်ပုံအဆင့်ဆင့်ကို တွေ့မြင်ကြရ၍ သို့လောသို့လောအတွေးများဖြင့်ရှု
ဇန်နဝါရီ(၂ဝ)ရက်
ဇန်နဝါရီ(၂၆)ရက်တွင် ထီးတော်တင်လှူမည့် ကျိုက္ကဆံ(သင်္ဃန်းကျွန်း) စေတီတော်ငြမ်းထိပ်ဆုံးသို့ အမျိုးအမည် မသိရသော မြွေတစ်ကောင် တက်ရောက်ဖူးမျှော်ခဲ့ရာ ယင်းမြွေသည် နှစ်ညနှင့်တစ်ရက်ကြာနေသွားခဲ့
ဇန်နဝါရီ(၂၁)ရက်
ယင်းနေ့နောက်ပိုင်းရက်များမှ
ဇန်နဝါရီ(၃၁)
(၂ဝ၁ဝ)ပြည့်နှစ်၊ ဇန်နဝါရီလသည် သက်ပြည့်၊ ရာပြည့်ဂီတ၊ စာပေ အနုပညာရှင်များကို ဂုဏ်ပြုခဲ့သည့်လတစ်လ အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ (၁)ဂန္တဝင်ဂီတစာဆိုတော်ကြီးရွှေတိ
(၂ဝ၁ဝ)ပြည့်နှစ်၊ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ(၁)ရက်
ရန်ကုန်မြို့တွင် Down Town ဧရိယာဖြစ်သည့် ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်(၆)မြို့နယ်၌ ခရီးသည်တင် ဒိုင်နာယာဉ်များကိုပြေးဆွဲခွင့်
ဖေဖော်ဝါရီ(၁၂)ရက်
ယင်းပြည်ထောင်စုနေ့ညတွင် သင်္ဃန်းကျွန်းဈေးကြီးနှင့် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ ရွှေပြည်သာ (ထ/၁၆)ရပ်ကွက် အောင်တေဇလမ်းတို့တွင် (၃)နေရာမီးလောင်ကျွမ်းခဲ့သည်။
ဖေဖော်ဝါရီ(၁၄)ရက်
သမီးရည်းစားတွေအတွက် Shopping Mall တွေမှာ ပျော်ရွှင်စရာတွေ စီစဉ်ပေးထားပြီး နှစ်ကာလရှည်ကြာခဲ့တဲ့ ကိုကိုမမတွေကလည်း ထိမ်းမြားလက်ထပ်ပွဲတွေလုပ်ကြနဲ့ သတင်းစာမှာ မင်္ဂလာသတင်းတွေလျှံပြည့်ခဲ့တဲ့ေ
ဖေဖော်ဝါရီ(၂၆)ရက်
သမ္ဘာရင့်တေးရေးဆရာများဖြင့်ဖွဲ့
ဖေဖော်ဝါရီ(၂၇)ရက်
သာသနာနှစ်(၂၅၅၅) အထိမ်းအမှတ်ဖြင့် ရှင်(၂၅၅၅)ပါးကို ဒေါက်တာဦးခင်ရွှေ ဇေကမ္ဘာကုမ္ပဏီလီမိတက်က ရဟန်းခံရှင်ပြုပေးခဲ့သည့် သတင်းသည် သာသနာနှစ်သတင်းအဖြစ် ကျန်ရစ်ခဲ့သည်။
(၂ဝ၁ဝ)ပြည့်နှစ်၊ မတ်လ
မတ်လ(၈)ရက်
ပြည်သူလူထုတစ်ရပ်လုံးမှ မျှော်လင့်စောင့်စားနေသည့် ရွေးကောက်ပွဲ ကို နိုင်ငံပိုင်သတင်းစာမှ အတည်ပြု ထုတ်ပြန် ကြေညာခဲ့သည်။
မတ်လ(၁၂)ရက်
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။
မတ်လ(၁၄)ရက်
ရန်ကုန်မြို့ရှိ ကိုလိုနီနယ်ချဲ့ခေတ်မှတိုက်ဟော
မတ်လ(၂၇)ရက်
(၆၅)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွ
မတ်လ(၂၉)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည်(၂ဝ၁ဝ)ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မည်မဟုတ် ကြောင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ရှိခွင့်အတွက်ပါတီအနေန
(၂ဝ၁ဝ)ပြည့်နှစ်၊ ဧပြီလ
ဧပြီ(၁)ရက်
April Fool Day ၌ မတ်လတွင်အပူရှိန်လွန်ကဲခဲ့ခြင်း
ဧပြီ(၉)ရက်
ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းချခဲ့သည့် (၂)ထပ် ပျဉ်ထောင်အိမ်ကို (၆)ထပ်တိုက် အဖြစ် ဆောက်လုပ်မည် ဆိုသည့် သတင်းသည် ပြည်သူများ အတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကဲ့သို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြတိုက်တစ်ခန်း သီးသန့် ထားရှိသင့်သည်ဟု စာဖတ်သူများ တောင်းဆို မျှော်လင့်ခဲ့သော သတင်းဖြစ်ခဲ့သည်။
ဧပြီ(၁ဝ)ရက်
သန်လျင်တိုက် နယ်ဆေးရုံကြီး၏ ရင်ခွဲရုံမှအလောင်းများ ပျက်စီးသည့် နားရွက်များ၊ နှာခေါင်းများ၊ ပေါင်သားများကိုက်စားသည့် ကောလာဟလ သတင်းများလွင့်လွင့်ပျံ့နှံ့ခဲ့
ဧပြီ(၁၅)ရက်
သင်္ကြန်အကြတ်နေ့သည် မြန်မာ့ရိုးရာ မဟာယဉ်ကျေးမှုဖြစ်သည့်နေ့၌ မြန်မာ့သင်္ကြန်သမိုင်းကို အရုပ်ဆိုး သွေးစွန်းစေခဲ့သည့် ဗုံး(၃)လုံးဆင့်ကဲ ပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့သော နေ့တစ်နေ့ဖြစ်သည်။ ကန်တော်ကြီးဝင်ပေါက် X2O မဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူအမျိုးသား(၅)ဦး၊ အမျိုးသမီး(၃)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသား(၁၂၅)ဦး၊ အမျိုးသမီး(၄၅)ဦး ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများမှ ကနဦးသတင်း ထုတ်ပြန်ခဲ့သည်။
ဧပြီ(၁၈)ရက်
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ မီတာထိန်းသိမ်းစောင့် ရှောက်ခငွေကျပ်(၅ဝဝ)မှ(၁ဝဝဝ)ကျ
(၂ဝ၁ဝ)ပြည့်နှစ်၊ မေလ
မေလ(၆)ရက်
အမျိုးသားဒီမိုကရေစီပါတီမှ ပါတီမှတ်ပုံတင်၊ မတင်ပြည်သူများ စိတ်ဝင်စား နားစွင့်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်။ မေလ(၈)ရက် နိုင်ငံရေးသမားဟောင်း ဦးရဲထွန်း အသက်(၇၃)နှစ်တွင် သွေးကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည် သတင်းသည်ပါတီ နိုင်ငံရေးသမားများကြား ထူးခြားသည့်သတင်းအဖြစ် ကျန်ရှိခဲ့သည်။
မေလ(၁ဝ)ရက်
မြန်မာပြည်သို့ ဒုတိအကြိမ်လာရောက်ခဲ့သည့် အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က အမေရိကန်စင်တာခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့
မေလ(၁၆)ရက်
တနင်္လာဂြိုလ်လမင်းကို သောကြာကြယ် ဖြတ်ကျော်ခဲ့ခြင်း သတင်းနှင့် ပတ်သတ်၍ နက္ခတ်ဗေဒင်ပညာရှင်များက အမျိုးမျိုးအစုံစုံ တွက်ချက်ပြောဆိုခဲ့ရာ ပြည်သူများစိတ်ဝင်စားသည့် သတင်းဖြစ်ခဲ့သည်။ ယင်းနေ့တွင်ပင် ကွမ်းခြံကုန်းမြို့နယ်၌ ဒရယ်လူးကျေးရွာတွင်နေထိုင်သော ဒေါ်ကြွက်မ(ခ) ဒေါ်သိန်းမြင့်၏ နေအိမ်သို့ သေနတ်ဖြင့်ပစ်၍ လက်ပစ်ဗုံးဖြင့် ပစ်ခွဲခဲ့သည့် ဓားပြ(၅)ဦး၏ သတင်းသည်လည်း လူတိုင်းပါးစပ်ဖျား၌ ကြွက်ကြွက်ညံစီခဲ့သည်။ ထပ်မံဖြစ်ပေါ်ခဲ့သော သတင်းမှာ အနော်ရထားမင်း တည်ထားကိုးကွယ်ခဲ့သော မန္တလေးမြို့မှ နှစ်ပေါင်း(၉ဝဝ)ကျော် နာမည်ကြီး တောင်ပြုန်းဆုတောင်းပြည့်စေတီ အထက်ပိုင်း ဖောင်းရစ်ပြိုကျမှုဖြစ်ပေါ်ခဲ့ရာ တောင်ပြုန်းဘုရားပွဲ မကျင်းပနိုင်မည်ကို ဒေသခံများနှင့် ဘုရားဖူးများစိုး၇ိမ်ခဲ့သည့် သတင်းဖြစ်ခဲ့သည်။
မေလ(၁၇)ရက်
ရန်ကုန်မြို့တော်လျှစ်စစ်အားပေး
မေ(၁၉)ရက်
နာမည်ကြီး ဟိုတယ်တစ်ခုတွင် နာမည်ကြီး မင်းသမီးတစ်ဦးက နာမည်ကြီး ဂျာနယ်တိုက်မှ သတင်းထောက်မမတစ်ဦးကို ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့သည့် သတင်းသည်မမ သတင်းထောက်က မည်သည်ကိုမေး၍ သရုပ်ဆောင် မင်းသမီးကြီး စိတ်ဆိုးသွားရသည်ကို ပြည်သူများစိတ်ဝင်စား၍ ဟိုးလေးကျော်ခဲ့သည်။
မေလ(၂ဝ)ရက်
သာကေတမြို့နယ်သို့ သွားသည့် ဗန္ဓုလတံတား အဆင်းကွေ့ဒေါပုံမြို့သစ်၌ သစ်လုံးတင် ကုန်ကားတစ်စီး၊ တိမ်းမှောက်ခဲ့ရရာ ခရီးသွားပြည်သူ (၄)ဦး သေဆုံးခဲ့ပြီး (၃)ဦး ဒဏ်ရာရရှိခဲ့သည်။
မေလ(၂၄)ရက်
မီးလောင်မှုသမိုင်းတွင် အဆင့်မြင့် မင်္ဂလာဈေး(၄)လွှာမှစတင် မီးလောင် ကျွမ်းခဲ့ရ ဆုံးရှုံးမှုတန်ဖိုးကျပ်သန်းပေါင်
မေလ(၂၈)ရက်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့လယ်ရှိ ကားလမ်းမကြီးများနှင့် မြို့နယ်ရပ်ကွက်များတွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံခြင်းဖြစ်ပေါ်ချိန် သီရိမင်္ဂလာဈေးအား ပိတောက်ချောင်းဝသို့ ရွှေပြောင်းမည့်သတင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရိမင်္ဂလာဈေးမှ ဈေးသူ/ဈေးသားများကို ပြောကြားခဲ့သည်။
(၂ဝ၁ဝ)ပြည့်နှစ်၊ ဇွန်လ
ဇွန်လ(၁)ရက်
ဆင်ဆာမဲ့ ကာရာအိုကေမြန်မာဗီဒီယိုဇာတ်လမ်း
ဇွန်လ(၇)ရက်
နိုင်ဂျီးရီးယားလူမည်း ညီအစ်မ အမျိုးသမီးနှစ်ဦးသည် လှည်းတန်းဈေးနှင့်ကွမ်းခြံဈေး အနီး၌ မြန်မာအမျိုးသမီး အချို့အား ရိုက်နှက်သည်ဆိုသည့် သတင်းများသည် စာနယ်ဇင်းသတင်းသမားများ စိတ်ဝင်စားခဲ့သည့် အမျိုးသားရေး သတင်းတစ်ပုဒ် ဖြစ်ခဲ့သည်။
ဇွန်(၁ဝ)ရက်
စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ သဘာဝစက်သုံးဆီ အရောင်းဆိုင်များကို ဈေးကွက်စီးပွားရေးအရ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များအဖြစ် ကျသင့်ဈေးပေး၍ ကြိုက်သလောက် ဝယ်ယူခွင့်ပေးလိုက်သော သတင်းသည် လည်း ဇွန်လ၏ ထူးခြားမှုသတင်းဖြစ်ခဲ့သည်။ ထို့နောက် (၈၈)မျိုးဆက်လူငယ်များ ပါတီစည်းရုံးရေးသွားလာစဉ် သိမ်ကြီး ဈေးရှေ့၌ ယာဉ်မှုစစ်များ၏ စစ်ဆေးမေးမြန်းခြင်းများကို ဖြေရှင်းခဲ့ရသည့် သတင်းသည် ပါတီစည်ရုံးရေး ခွင့်ပြုလိုက်သည့်အချိန်၌ စတင်ထွက်ပေါ်လာသည့် သတင်းဖြစ်သည်။
(၂ဝ၁ဝ) ပြည့်နှစ် ဇူလိုင်
ဇူလိုင်လ(၉)ရက်
ပဲခူးတိုင်းဒေသကြီး ပဲခူး၊ကျောက်တံခါး၊ ဖြူးနှင့် အုတ်တွင်းမြို့နယ်များတွင် သီးနှံဖျက်ြ<ွကက်များအုပ်စု လိုက်ကျရောက်ဖျက်ဆီးခဲ့ရာ တောင်သူလယ်သမားဦးကြီးများ လယ်မြေစိုက်ပျိုးရေး၊ ဒုက္ခရောက်ရသည့်သတင်းသည် ပျံ့နှံ့လွင့်စင်ခဲ့သည်။
(၂ဝ၁ဝ)ပြည့်နှစ်၊ သြဂုတ်လ
သြဂုတ်(၃)ရက်
ရုပ်ရှင်သရုပ်ဆောင်မင်းသမီးမျို
သြဂုတ်(၁၄)ရက်
ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်အတွင်း၌ အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ/ သားများနှင့် ပြည်တွင်းမီဒီယာ စာနယ်ဇင်းသမားများ ပထမဆုံး တွေ့ဆုံခွင့်ရရှိခြင်း၊ အင်းစိန် အကျဉ်းထောင်အတွင်း ပြုပြင် ဆောင်ရွက်နေသည့် သတင်းများကို ပြည်တွင်းမီဒီယာစာနယ်ဇင်းများ၌ စတင်ဖော်ပြခွင့်ရရှိခဲ့ခြင်း သတင်းသည် ပြည်သူများမဖတ်ဖူးသည့် သတင်းထူးတစ်ပုဒ် ဖြစ်နေခဲ့ပြန်ပါသည်။
သြဂုတ်(၁၉)ရက်
လွှတ်တော်ကိုယ်စားလှယ်လောင်းများ
သြဂုတ်(၂ဝ)ရက်
အများခေါ်သည့် သုံးဆယ် ဆရာတော်(သို့) ဓမ္မသုခဆရာတော်ဘုရားကြီးထံ ဘုရားဖူးလာသူဦးရေသည် ရုံးပိတ်ရက်များတွင် (၁)သိန်းခန့် ရှိခြင်းကြောင့် မေတ္တာရေစင် ရေသန့်ဘူးတွက်ခြေကိုက် စီးပွားဖြစ် အလုပ်ဖြစ်ခဲ့သည့် သတင်းသည် ဘုရားဖူးဧည့်သည်များအတွက် စီးပွားရေးလော၊ ဘာသာရေးလော သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ ထိုနေ့တွင် တိုင်းနှင့်ပြည်နယ်များ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းရုံးများ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအဖြစ် တစ်နေ့တည်း တစ်ချိန်တည်း ဆိုင်းဘုတ်တင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
သြဂုတ်(၂၁)ရက်
အင်းစိန်အကျဉ်းထောင် အတွင်းရှိ အကျဉ်းသူ/သားများနှင့် အကျဉ်းဦးစီး ဝန်ထမ်းများ အားလုံးကို တစ်နေ့စာ ကျွေးမွေးသည့် အလှူဒါနနှင့် မေတ္တာအခါတော်နေ့ တရားဦးအကြိုကို သီတဂူ ဆရာတော်ဘုရားကြီးက ဟောကြားပေးခဲ့သည်။ (၂ဝ၁ဝ)ပြည့်နှစ်၊
စက်တင်ဘာလ စက်တင်ဘာ (၈/၉)ရက်
မန္တလေးမြို့တွင်း စံချိန်တင် မိုးရွာသွန်းမှုကြောင့် (၂၆)လမ်း၊ (၉၁)လမ်းမှ (၈၉)လမ်း၊ (၂၃)လမ်းမှ(၂၅)လမ်း၊ (၂၂)လမ်း စစရပ်ကွက်၊ ဆဆ-ရပ်ကွက်၊ အောင်ပင်လယ် (၆၄)ရပ်ကွက်၊ (၅၆)လမ်း၊ မြရည်နန္ဒာမြို့သစ်ရှိ (၅၅)လမ်း တို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ညီသားထွေး၏ သတင်းများက ဆိုသည်။
စက်တင်ဘာ(၁၇)ရက်
ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် သခင်အုန်းမြင့်သည် အသက်(၉၃)နှစ် အရွယ်တွင် ရန်ကင်းမြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။
စက်တင်ဘာ(၂၃)ရက်
သခင်အုန်းမြင့်နှင့်အတူ ဂျာနယ်ကျော်ကိုထုတ်ဝေခဲ့သည့် ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော် မမလေး တို့၏သားငယ် ဆရာမိုးဟိန်း (သား-ဂျာနယ်ကျော်)သည် လည်ချောင်းကင်ဆာရောဂါဖြင့် အသက် (၆၈)နှစ်တွင် ကွယ်လွန်သွားခဲ့သည်။
(၂ဝ၁ဝ)ပြည့်နှစ်၊ အောက်တိုဘာလ
အောက်တိုဘာ(၂)ရက်
ဒီမိုကရေစီအမည်ပါ ဒီမိုကရေစီ မိတ်ဆွေပါတီများ၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီက ဒီမိုကရေစီအမည်ပါ (၇)ပါတီကိုဖိတ်ကြားခဲ့ရာ ဒီမိုကရက်တစ်ပါတီ(မြန်မာ) မတက်ရောက်ခဲ့သည့် သတင်းသည် ရွေးကောက်ပွဲဝင်မည့် ပါတီနိုင်ငံရေးသမားများအား စိတ်ဝင်စားမှုပိုခဲ့သည်။
အောက်တိုဘာလ(၄)ရက်
ပါတီစည်းရုံးရေးများ စတင်ခွင့်ပြုလိုက်သည့်အချိန်၌ြ
အောက်တိုဘာ(၇)ရက်
သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဓမ္မရောင်ခြည်ကျောင်းလမ်းတွင် နေထိုင်သူ စာရေးဆရာကြီး တက္ကသိုလ် ဘုန်းနိုင်၏ဇနီး ဒေါ်နီနီခင်သည်နေအိမ်တွင် အကြမ်းဖက်လုယက်ခံရသည့် သတင်းသည်လည်း သတင်းဂျာနယ်တိုင်း ကဖော်ပြခဲ့သည့် နာမည်ကြီးသတင်းတစ်ပုဒ်အဖြစ် ကျော်ကြားခဲ့သည်။
အောက်တိုဘာ(၁ဝ)ရက်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ ''ပိုက်ဆံမကောက်ပါနဲ့၊ လမ်းလုပ်တဲ့ကိစ္စမှာ ပိုက်ဆံလုံးဝ မကောက်ပါနဲ့၊ အလွန်စေတနာရှိတယ်၊ ပိုက်ဆံလှူပါရစေဆိုလည်း လုံးဝလက်မခံဘူး'' ဝလက်မခံဘူး''ဟု ပြောကြားခဲ့သည့် မော်နီတာသတင်းဂျာနယ်တွင် ဖော်ပြခဲ့သော သတင်းဆောင်းပါးသည် လမ်းကြို၊ လမ်းကြားမှရပ်ကွက်၊ မြို့ရွာမကျန်ခေတ်စားခဲ့သည့် သတင်းဆောင်းပါးဖြစ်ခဲ့ကြောင်း စာဖတ်ပရိသတ်များက ဆိုကြသည်။
အောက်တိုဘာ(၁၁)ရက်
မိတ္ထီလာမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂဠုန်ကုန်းကျေးရွာ အုပ်စုရှိခါးကော့၊ ရှင်မြို့၊ ရွာမကျေးရွာ (၃)ရွာတို့ ရေနစ်မြုပ်ခဲ့ကြောင်း ကျော်မင်းအောင်၏ သတင်းများက ပြောဆိုခဲ့သည်။
အောက်တိုဘာ(၁၉)ရက်
နေပြည်တော်၌ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးမှ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးစာနယ်ဇင်း ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲတွင် ပြည်တွင်းသတင်းထောက်များနှင့် နိုင်ငံခြားသတင်းသမားများ အတွက် သတင်းယူခွင့်ရ/မရမေးမြန်းခဲ့သည်
အောက်တိုဘာ(၂၃)
၂ဝဝ၈ခုနှစ် ဖွဲစည်းပုံအခြေခံ ဥပဒေတွင်ပါရှိသည့် သုံးရောင်ခြယ်နိုင်ငံတော်အလံသစ်
အောက်တိုဘာ(၂၇)ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)မှ အထွေထွေအတွင်း ရေးမှူးဦးဋ္ဌေးဦး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၊ ပါတီဌာနချုပ်မှူး သူရဦးမြင့်ဦးတို့မှ စာနယ်ဇင်းရှင်းလင်းပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ပုဂ္ဂလိက သတင်းမီဒီယာနှင့် နိုင်ငံခြားသတင်းထောက်များသာ တက်ရောက်ခဲ့ပြီး နိုင်ငံပိုင်သတင်း မီဒီယာများကို မတွေ့ခဲ့ရသောကြောင့် ထူးခြားသော ပုဂ္ဂလိကစာနယ်ဇင်း ရှင်းလင်းပွဲတစ်ခုဖြစ်ခဲ့သည်။
အောက်တိုဘာ(၃ဝ/၃၁)
သံဃာအစည်းအဝေးကြီးတွင် မြန်မာနိုင်ငံမှသီတဂူဆရာတော် ဘုရားကြီးနှင့် ထိုင်းနိုင်ငံမှ သံဃာတော်များက အင်ဒို နီးရှားနိုင်ငံ၌ ကျရောက်သော သဘာဝဘေးဒဏ်အားလုံး ချုပ်ငြိမ်းစေကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသူ နိုင်ငံသားတို့ ဘေးဒုက္ခမှလွတ်စေကြောင်းကို မြန်မာနှင့်ထိုင်း သံဃာပေါင်း (၁ဝဝဝ)တို့က ဆုတောင်းမေတ္တာပို့သကာ မဟာသံဃာ သိန္ဒိပါတ အခမ်းအနားကြီး အောင်မြင်စွာ ပြီးဆုံးခဲ့သည့်သတင်းကို ကြားရသူအပေါင်းကြည်နူးဝမ်းမြော
၂ဝ၁ဝပြည့်နှစ်၊ နိုဝင်ဘာလ
နိုဝင်ဘာလ(၅)ရက်
တရားဝင်ကြိုတင်မဲများကိုစတင်ကော
နိုဝင်ဘာ(၇)ရက်
မြန်မာတစ်ပြည်လုံး ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ တိုင်းနှင့် ပြည်နယ် (၁၈)နေရာ၌ ပြည်တွင်းစာနယ်ဇင်း သတင်းထောက်များနှင့် နိုင်ငံခြားသံတမန်များသည် သတ်မှတ်မဲရုံ (၁၈)နေရာ၌ အနီးကပ်သတင်းယူခွင့် ရရှိခဲ့ကြသည်။ ယင်းနေ့နံနက် (၆)နာရီမှ ညနေ(၄)နာရီထိ မြန်မာတစ်ပြည်လုံးမှ မဲဆန္ဒပေးခွင့်ရှိသူများက မဲရုံသို့သွား၍ ဆန္ဒမဲပေးခဲ့ကြသည်။
နိုဝင်ဘာလ(၁၃)ရက်
နေအိမ်အကျယ်ချုပ်ဖြင့် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့သည် ညနေ(၅)နာရီ (၁၅)မိနစ်၌ ပြန်လည် လွတ်မြောက်လာခဲ့ခြင်း သတင်းကြောင့် အမျိုးသားဒီမိုကရေစီ ဌာနချုပ်ရုံးရှေ့၌ သော်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် တက္ကသိုလ်ရိပ်သာလမ်း၌ သော်လည်းကောင်း၊ ဧည့်ပရိသတ် များစည်ကား ပြည့်လျှံခဲ့သည့် သတင်းသည် (၂ဝ၁ဝ) ပြည့်နှစ်၊ တစ်နှစ်လုံး၏ ဒုတိယမြောက် မြန်မာတစ်ပြည်လုံးသာမက နိုင်ငံတကာကပါ စိတ်ဝင်စားခဲ့သည့် သတင်းဖြစ်ခဲ့သည်။
နိုဝင်ဘာ(၁၇)ရက်
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ City Star ဟိုတယ်အောက်ထပ်ရှိ Star Net အင်တာနက်ဆိုင်၌ ချိန်ကိုက်ဗုံး (၄)လုံးကို တွေ့ရှိ၍ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ အချိန်မီဖြေရှင်းနိုင်ခဲ့သည့် သတင်းသည် ယင်းနေ့ ညနေ(၆)နာရီခွဲတွင် သတင်းသမားများထံ ပျံ့လွင့်ခဲ့သည်။ ယင်းနေ့ည (၇)နာရီခွဲခန့်အချိန်တွင် ရွှေတိဂုံစေတီထီးတော် အတွင်း 'ခို' တစ်ကောင်ပျံသန်း၍ မလွတ်မြောက်ရာမှ ဖောင်းရစ်အပေါ်ပိုင်းမှ သွေးများစီးကျလာသည့် သတင်းသည် ဂေါပကလူကြီးများ အံ့သြရလောက်အောင် ကောလဟလအဖြစ်လိုလို ပျံ့နှံ့ခဲ့သည်။
နိုဝင်ဘာလ (၂၃)ရက်
ဗြိတိန်နိုင်ငံသားခံယူထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Kim Eris (ခ)ကိုထိန်လင်းသည် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိပြီး မြန်မာပြည်သို့ (၂)ပတ်ကြာလာ ရောက်လည်ပတ်ခဲ့သော သတင်းသည်လည်း နူးညံ့သော မြန်မာပြည်သူများ၏ နှလုံးသားတွင် မျက်ရည်စို့ခဲ့ရသည့် ဝမ်းသာစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။
နိုဝင်ဘာလ(၂၅)ရက်
ကိုရီးယားမင်းသားဂျူမုံ(သို့မဟု
နိုဝင်ဘာလ(၂၆)ရက်
သာကေတမြို့နယ်၊ (၁၂)ရပ်ကွက်တွင် မီးအားမြှင့်စက်အပူလွန်၍ ပေါက်ကွဲခဲ့ရာ နေအိမ်(၁၅)လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။
နိုဝင်ဘာ(၂၈)ရက်
ရန်ကုန်မြို့၊ သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံ(၁)တွင် Sky Net မှဖျော်ဖြေတင်ဆက်သည့် Iron Cross တေးဂီတရှိုးပွဲတွင် ပရိသတ်များ အံ့သြဘနန်းဖြစ်သွားရသည်။ Rocker ကြီးလေးဖြူကို လူငယ်ပရိသတ်တစ်ဦးက ထိုင်ကန်တော့လိုက်စဉ် လျှပ်တစ်ပြက် သတင်းဂျာနယ်မှ ဓာတ်ပုံဆရာ ဇော်မင်းနိုင်က လျှပ်တစ်ပြက် ရိုက်ယူနိုင်ခဲ့သည်။ ယင်းသတင်းသည် လှုပ်လှုပ်ရှားရှား ထူးခြားသွားစေခဲ့သည်။
(၂ဝ၁ဝ)ပြည့်နှစ်၊ ဒီဇင်ဘာလ
ဒီဇင်ဘာ(၅)ရက်
နိုဝင်ဘာ(၇)ရက်တွင် ကျင်းပသော ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃၂၅)နယ်အနက် (၂၅၉)နယ်၌လည်းကောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၁၆၈)နယ် အနက်(၁၂၉)နယ်၌ လည်းကောင်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ်(၆၆၁)နယ် အနက်(၄၉၄)နယ်၌ လည်းကောင်း၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၁၁၅၄)နေရာ အနက် (၈၈၂)နေရာ အောင်နိုင်ခဲ့ခြင်းကြောင့် ပြည်သူသို့ ကျေးဇူးတင်လွှာကို နိုင်ငံပိုင်သတင်းစာမှ မြန်မာတစ်ပြည်လုံးသို့ အသိပေးကြော်ငြာ ခဲ့သည်။
ဒီဇင်ဘာ(၄)ရက်
ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံရှေ့၌ အောင်ချမ်းသာရပ်ကွက်နေ လူအုပ်စုအဖွဲ့မှ တွေ့တဲ့လူရိုက်ကွာ၊ ကားသမားဆို အကုန် ရိုက်ကွာဟုဆိုကာ အရိုက်ခံရသူ Taxi ယာဉ်မောင်း ကိုတင်မောင်ဆွေ ဆိုသူသည် မိသားစုဝင် တစ်ဦး၏ပြောပြချက်အရ ရန်ငြိုးရန်စများမရှိပါဘဲ အလွတ်သက်သက် အရိုက်ခံရ၍ သေဆုံးခဲ့ခြင်းကြောင့် ဥပဒေကိုချိုး ဖောက်သူအား ရှာဖွေဖော်ထုတ်၍ ထိုက်သင့်သည့် အရေးယူပေးကြပါရန် လျှပ်တစ်ပြက်သို့ ရင်ဖွင့်ကြေကွဲခဲ့သည်။
ဒီဇင်ဘာ(၁ဝ)ရက်
နှင်းရည်၊ နှင်းစက်နှင့် မြူနှင်းတို့ဝေသည့် ဒီဇင်ဘာဆောင်းနှင်း စစ်စစ်ကြီးတွင် မိုးရေစစ်စစ်ပေါက်ပေါက် (၂)ရက်ဆက်တိုက် ရွာသွန်းခဲ့ခြင်းများကြောင့် ရိတ်သိမ်းခြွေလှေ့ဆဲ မိုးစပါးများအတွက် ထမင်းစားပြည်သူများ စိုးရိမ်ရေမှတ် မြင့်တက်ခဲ့ကြသည်။ မှတ်ချက်။ ဖော်ပြပါသတင်းများသည် (၂ဝ၁ဝ)ပြည့်နှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း လျှပ်တစ်ပြက် သတင်းဂျာနယ်နှင့် မော်နီတာသတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် သတင်းများသာဖြစ်ပါသည်။
ပုံပေါ်ပါမည်။ခေတ္တစောင့်ဆိုင်းပါ
မျှော်လင့်နေသောေ၇နက်ဆိပ်ကမ်း
ဒီတစ်ခေါက် ထားဝယ်ရောက်ခဲ့တော့ ဒေသခံတွေကြားမှာ နေ့စဉ်နီးပါးမျှ ပြောဆိုနေကြတဲ့ အကြောင်းအရာကတော့ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်တဲ့ အကြောင်းရာတွေပါပဲ။ သူတို့ နေ့စဉ်ပြောနေကြတဲ့ ကိစ္စတွေထဲမှာ ရေနက်ဆိပ်ကမ်း ကြောင့် ထားဝယ်မြို့ ဘယ်လောက်အထိ စီးပွားရေး တိုးတက်လာနိုင်တယ်၊ အလုပ်ကိုင် အခွင့်လမ်းတွေမှာ ဒေသခံတွေ အနေနှင့် ဘယ်အတိုင်းတာအထိ ရရှိလာနိုင်မလဲ။ အခုဆို အိမ်ဈေးတွေ တက်လာတဲ့ အကြောင်းတွေ၊ လမ်းဖောက်လုပ်မယ့် အနေထားတွေ စသဖြင့် အမျိုးမျိုး ထင်မြင် သုံးသပ်နေကြတာ တွေ့ရတယ်။ ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး သူတို့ အတော်လေး မျှော်လင့်ထားတာ တွေ့ရတယ်။ ဘွဲ့ရလူငယ် တစ်ချို့ကလည်း ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး အင်တာနက်မှ ရသမျှ အချက်လက်တွေနှင့် ဂျာနယ်တွေက သတင်းအချက်လက်တွေ စုဆောင်းနေတာ တွေ့ရတယ်၊သူတို့အနေနှင့် ထားဝယ် ရေနက်ဆိပ်ကမ်းမှာ အလုပ်တစ်ခုခုရဖို့ စိတ်အားထက်သန်နေသလို၊ အချက်အလက်တွေနှင့် ပတ်သက်လာရင် ခရီးသွားတွေ မေးလာရင် ပြန်ဖြေနိုင်ဖို့၊ အလုပ်နှင့်ပတ်သက်လာရင် အထောက်ကူရဖို့ လေ့လာနေတာ တွေ့ရတယ်။
ထားဝယ်မှ နဘုလယ်သို့ မိုင် ၂၀ ကျော်ခရီး
ထားဝယ်မှ ရေနက်ဆိပ်ကမ်းသို့ သွားဖို့ဆိုရင် မောင်းမကန် အပန်းဖြေစခန်းက မပါမဖြစ်။ ဒီလမ်းက သွားမှဖြင့်တော့ မောင်းမကန်ကို လူတိုင်း ၀င်လည်ကြလိမ့်မည်။ ထားဝယ်မြို့မှ မောင်းမကန်ကို မိနစ် ၃၀ ခရီးရှိပြီး
အကွာဝေးကတော့ ၁၀ မိုင် ခရီးရှိ သည်။ ထားဝယ်မှ မောင်းမကန်ကို ကတ္တရာလမ်း ခင်းထားပြီး ဒီလမ်းတစ်လျှောက်မှာ အရေးပါလာမယ့် ကမြောကင်း တံတားကို ဖြတ်သန်းလိုက်တော့ လောင်းလုံးမြို့နယ်ကို စ၀င်လာပြီ။
လမ်းဆုံမှာတော့ ဗိုလ်မှူးဗထူး ရုပ်တုကြီးက ခံ့ညားစွာ တည် ရှိနေသည်။ ၎င်းသည် လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာဇာတိ ဖြစ်သည်။ တစ်ချိန်ကျလို့ ဒီနေရာကနေ ခရီးသွားတွေ အသွားများလာရင် ဗိုလ်မှူးဗထူး ရုပ်တုဟာ ခရီးသွားများ အတွက် အမှတ်တရ နေရာလေးတစ်ခု ဖြစ်လာဖို့ ရှိတယ်၊ ဗိုလ်မှူးဗထူး ရုပ်တုရဲ့ ဘယ်ဘက်ကို ချိုးကွေ့သွားရင် လောင်းလုံးမြို့နယ်ကို ရောက်မှာဖြစ်ပြီး ညာဘက်ကို သွားရင်တော့ မောင်းမကန် ကမ်းခြေ၊ ရေနက်ဆိပ်ကမ်းဘက်ကို သွားရာလမ်းကို ရောက်မယ်၊ မောင်းမကန်ကို သွားတဲ့လမ်းကတော့ အရင် တိုင်းပဲ ထူးထူးခြားခြား ပြောင်းလဲမှုတွေ မရှိသေးပါဘူး၊ မောင်းမကန်ရောက်တော့ ရေနက်ဆိပ်ကမ်းကို သွားဖို့စီစဉ်ကြတော့ သူငယ်ချင်းတွေထဲက ကိုမိုးဝေတစ်ယောက်ပဲ ပါလာတော့တယ်၊ အချိန်ကလည်း နေကျဲကျဲတောက်ပူနေတဲ့ နေ့လည်အချိန်ကြီး။ သွားရမှာက ဝေးတယ်၊ နေရာလည်း ခေါင်တယ်ဆိုတော့ သိပ်မလိုက်ချင်ကြတော့ဘူး။
ရေနက်ဆိပ်ကမ်းကို သွားဖို့ သူငယ်ချင်း ကိုမိုးဝေနှင့် ဆိုင်ကယ်ခရီး စတင်လိုက်ပြီး မောင်းမကန် ရေပူစမ်းကို စတင် ဖြတ်သန်းလိုက်သည်။ ရေပူစမ်းက မောင်းမကန် စံပြကျေးရွာအပိုင် ဖြစ်ပြီး ဒီနေရာမှာတော့ လမ်းအနေထားက သိပ်ပြီး မကောင်းသေး။ ကတ္တရာလမ်းပျက်ပုံစံမျိုး ဖြစ်နေပြီး ရေပူစမ်းကို လွန်လာတော့ ပန်းတင်အင်း စံပြကျေးရွာကို ရောက်သည်။ ရေနက်ဆိပ်ကမ်းအတွက် အသုံးပြုရန် လမ်းဖောက်ထားသော မြေသားလမ်းကို စတင် ဖြတ်သန်းလာပြီး လမ်းမှာ မောင်း၍ကောင်းသော လမ်းအနေထား ဖြစ်သည်။ မြေသားပေါ်မှာ ကျောက်စရစ်လေးများ ကြိတ်ထားသည့် ပုံစံဖြစ်ကာ သွားလာရ အဆင်ပြေအောင် ပြုလုပ်ထားတာ တွေ့ရသည်။ လမ်းကို ရွာထဲမှ ဖောက်လုပ်ထားပေမယ့် အိမ်တွေကိုတော့ ဖြတ်သန်းပြီး လုပ်ဖို့ မရှိကြောင်း၊ လမ်းနှင့်ကပ်လျက် အနေထား ရှိနေသော အိမ်တစ်အိမ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။ အဆိုပါ လမ်းမှာ ယာယီအနေထားသာ ရှိသော်လည်း ရေနက်ဆိပ်ကမ်း စီမံကိန်းကြီး အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်လျှင် တစ်လမ်းသွားပုံစံထက် တိုးချဲ့လာရန် ရှိနေကြောင်း သိရသည်။ ပန်းတင်အင်းရွာ လွန်လာတော့ မူးဒူး ရွာကို စတင် ၀င်ရောက်လာပြီ။ အဲဒီရွာတွေမှာ ဥယျာဉ်လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြတာ တွေ့ရသည်။
| ထားဝယ်မြို့ကြီးကတော့ ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး ရုန်းကြွလာနေပြီ ဖြစ်သလို အနာဂတ် လူငယ်များ အတွက်လည်း ၁၀ နှစ် စီမံကိန်းဖြင့် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းကြီးမှာ . . . |
''အခု ကျွန်တော်တို့ ရေဖြူမြို့နယ်ထဲက ၀င်လာနေပြီ၊ အရင်က ဒီနေရာတွေကို သွားလာဖို့ မလွယ်ဘူး၊ လမ်းကကြမ်းသလို နယ်မြေလည်း အရမ်းကြမ်းတယ်၊ အရင် သဲလမ်းတွေ ဖြစ်ပြီး ဒေသခံတွေပဲ မောင်းတတ်တယ်၊ အခု ဒီလိုလမ်းတွေ ဖောက်လုပ်ပေးလိုက်တော့ ဒီဒေသလည်း အထိုက်လျောက် ဖွံ့ဖြိုးလာသလို သွားလာလည်ပတ်တဲ့ သူတွေလည်း များလာတယ်''ဟု ကိုမိုးဝေက ဆိုင်ကယ်မောင်းရင်း ရှင်းပြပါသည်။ လမ်းက တစ်ရွာနှင့်တစ်ရွာ ပြတ်လှသည်။ မြေသားတစ်လျှောက်တွင် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး လမ်းဆိုင်းဘုတ်လေးတွေ ထောင်ထားတာ တွေ့ရသည်။ အင်္ဂလိပ်အက္ခရာ အစီစဉ်အလိုက် ရေနက်ဆိပ်ကမ်း ဘက်မှ စိုက်ထူလာတာ တွေ့ရသည်။ မူးဒူးရွာကို လွန်လာတော့ နဘုလယ်ရွာ အပိုင်ထဲကို ရောက်လာပြီ၊ နဘုလယ်ရွာ မ၀င်မီ တစ်ဖာလုံခန့် အလိုမှာတော့ ထားဝယ်ရေနက်ဆိပ်သို့ သွားရာလမ်းနှင့် ထိုင်းနိုင်ငံသို့ သွားရာလမ်းကို ရောက်လာတယ်၊ ဒီနေရာက ထိန်ကြီးကျေးရွာ ဖြစ်ပြီး လမ်းဆုံဖြစ်တယ်၊ တစ်လမ်းက ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ဖြောင့်တန်းစွာ ဖောက်လုပ်ထားသည့် လမ်းဖြစ်ကာ တစ်လမ်းကတော့ မောင်းမကန်မှ နဘုလယ်ကို ဖောက်လုပ်ထားတာ တွေ့ရသည်။
ထိန်ကြီးရွာနှင့် ရေနက်ဆိပ်ကမ်း
မောင်းမကန်မှ နဘုလယ် ၁၃ မိုင် ခရီးက ဒီမှာ အဆုံးသတ်သည်။ မောင်းချိန်က ၄၅ မိနစ်ခရီး ရှိပြီး ထားဝယ်မှ ဆိုရင်လျင်ဖြင့် ၂၃ မိုင်ကြာချိန်က တစ်နာရီကျော် ရှိသည်။ ထိန်ကြီးရွာမှာရှိတဲ့ ရေနက်ဆိပ်ကမ်းကို သွားဖို့
အရှေ့မှာရှိတဲ့ မြေသားလမ်းကနေ ၀င်လိုက်ရတယ်၊ လမ်းဆုံလမ်းကတော့ သွားလို့မရဘဲ သဲလမ်းအနေထား ဖြစ်သည်။ ထိန်ကြီးရွာထဲမှာတော့ လမ်းတွေ အများအပြား ဖောက်လုပ်ထားပြီး လူနေအိမ်ခြေတွေနှင့်တော့ ဝေးသည်။
စက်မှုမြို့တော်အတွက် လမ်း တွေ အရင် ဖောက်လုပ်နေပြီး အခြေခံ အဆောက်အအုံ တည်ဆောက်မှုတွေ မတွေ့ရသေးပေ။ မြို့ပတ်လမ်းလို ပုံစံတွေ ဖောက်လုပ်ထားပြီး စက်မှုမြို့ တည်ဆောက်မည့် နေရာတွင် လတ်တလော လွင်ပြင်များ၊ တောချုံများသာ တွေ့ရသည်။ထိန်ကြီးကျေးရွာရှိ ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် နေရာ ရောက်တော့ ကမ်းခြေအနေထားကို လိုက်လေ့လာမိသည်။ ''ကမ်းခြေက လျှောစောက် အရမ်းနက်တယ်၊ အဘလှေကလေးထားတဲ့ နေရာမှာဆို ရေက အရမ်းနက်နေပြီ၊ ကမ်းခြေအထိ ကို လမ်းဖောက်လုပ်ထားပေမယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေကို တစ်လပိုင်းလောက်မှ လုပ်မယ်လို့တော့ ပြောသံကြားတယ်။ ဒီမှာက ရှမ်းတွေ(ထိုင်းလူမျိုးများကို ဆိုလို)ပဲများပြီး ၈၀ လောက်ရှိမယ် ထင်တယ်။ ဗမာလူမျိုး အလုပ်ကြမ်းသမားတွေက ၂၀ လောက်ပဲ ရှိပြီး သူတို့ရဲ့ တစ်ရက် လုပ်အားခက ကျပ် ၃၅၀၀ ရကြတယ်။ အဘတို့ရွာကို လျှာထားမှုအထဲမှာ ပါတယ်လို့ ပြောပေမယ့် အခုထိတော့ ပြောင်းဖို့ မကြားရသေးပါဘူး။ လမ်းဖောက်လုပ်မှုတွေမှာပါတဲ့ ဥယျာဉ်တွေ၊ လယ်တွေကို သတ်မှတ်တွက်ချက်မှုတွေနှင့် ပေးမယ်လို့ ဆိုပေမယ့် တစ်ယောက်မှ ရတဲ့အသံ မကြားရသေးပါဘူး။ ဆိပ်ကမ်းဆောက်လုပ်ဖို့က ဟိုးဘက်အော်ထိပ်ကနေ ဒီဘက်အော်ထိပ်အထိ ရှိတယ်။ အဲဒီ အထဲမှာ နောက်ဆိုရင် ဘာမှနေထိုင် လုပ်ကိုင်ခွင့် ရှိမယ် မထင်တော့ပါဘူး''။ ရွာက တံငါသည် အဘိုးအိုတစ်ဦးရဲ့ စကားသံ ဖြစ်သည်။
ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် ထိန်ကြီးရွာ ကမ်းခြေတွင် ဒေသခံ တံငါသည် မိသားစုများ၏ ယာယီတဲလေးတွေ နှစ်ဆယ်ကျော်လောက်ရှိပြီး ယင်းကမ်းခြေကို မှီပြီး အသက်မွေးဝမ်းကျောင်း ပြုကြကြောင်း သိရသည်။''မောင်းမကန်ကနေ စက်ဘီးလေးတွေနှင့် ငါးလာဝယ်တဲ့ သူတွေကို အားကိုးရတယ်။ ငါးဝယ်တဲ့ စက်ဘီးသမားတွေကလည်း အမြဲတမ်း မလာနိုင်။ ဒီကနေ သွားရောင်းဖို့ ဆိုတာကလည်း ကုန်းလမ်းခရီးကဝေး၊ ရေလမ်းခရီးကလည်း တစ်နာရီခွဲကြာ ခုတ်မောင်းဖို့ ဒီဇယ်က သုံးဂါလန် လိုတယ်။ ဖမ်းမိတဲ့ငါးတွေက ပါကေးအဆင့်လောက်ပဲရှိတဲ့ ဈေးမကောင်းတဲ့ငါးတွေ၊ အခုလည်း ရေနက်ဆိပ်ကမ်းကြောင့် သူတို့ နန်းတော်တွေလည်း ဘုံပျောက်ဖို့ နီးနေပြီ''ဟု ဒေသခံတစ်ဦးကဆိုသည်။ ရေနက်ဆိပ် ကမ်း တည်ဆောက်မည့် နေရာမှာ မောင်းမကန်နှင့် လွန်စွာ ဆင်တူပြီး လှပသည့် ကမ်းခြေတစ်ခုအဖြစ် တွေ့ရသည်။ သံပိုက်လုံးတွေ သံရက်မကြီးတွေလောက်ပဲ တွေ့ရသေးပြီး စက်တွေကိုတော့ မတွေ့ရသေးပါ၊ ထိန်ကြီးကျေးရွာရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ကားလမ်းဖောက်လုပ်ရာတွင် ထိန်ကြီးမှကလုံးထားရွာသို့ ဖောက်လုပ်သွားမည် ဖြစ်ပြီး ရေး-ထားဝယ် ကားလမ်းမကြီးကို ဖြတ်သန်းသွားမည် ဖြစ်ကာ ထိုင်းနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ထိန် ကြီး-ကန်ချာနဘူရီ လမ်းမသစ်ကြီးကို ကီလိုမီတာ ၁၀၀ အထိ တိုင်းတာမှုများ ပြုလုပ်ပြီးကြောင်း၊ ထိုနေရာတွင် ထိုင်းနိုင်ငံရှိ ခရိုင်လေးခုခန့်က နီးကပ်စွာ ရှိနေပြီး ထို ခရိုင်လေးခုတွင် စက်မှုဇုန်ကြီးများ ရှိနေသည်။ ထိုင်းနိုင်ငံ အနေဖြင့် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းသည် ထိုင်းဘတ်ဘီလျံ ၁၀၀ ကုန်ကျခံကာ တည်ဆောက်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံ အကျိုးစီးပွားအတွက် များစွာအရေးပါမည့် စီမံကိန်းကြီး တစ်ခုဖြစ်ကာ အောင်မြင်စွာ တည်ဆောက်နိုင်ပါက ရေမိုင် ၁၂၅၀ ခန့်ကို လေးရက်ပိုသွားနေရသည့် ပင်လယ်ကူးသင်္ဘောကြီးများ မာလက်ကာ ရေလက်ကြားကို ဖြတ်သန်းသွားစရာ မလိုဘဲ မြန်မာနိုင်ငံကို ၀င်လာကြတော့မည် ဖြစ်သည်။
တန်ချိန် ၅၀၀၀၀ ခန့်ရှိ သင်္ဘောကြီးများသည် ရေနက်ဆိပ်ကမ်းတွင် လာရောက် ဆိုက်ကပ်ပြီး ကုန်းလမ်းခရီးမှ ကုန်ပစ္စည်း လတ်လတ်ဆတ်ဆတ် တင်ပို့နိုင်မည် ဖြစ်သည်။ထားဝယ် ရေနက်ဆိပ်ကမ်းဟု ခေါ်နေကြသည့် ထိန်ကြီး ရေနက်ဆိပ်ကမ်းကို မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမှု အဓိက ဆိပ်ကမ်းအဖြစ် အသုံးပြုမည်ဟု သိရသည်။ ထားဝယ်မြို့ရှိ အာဇာနည်လမ်းမကြီးမှ ဖြောင့်တန်းဖောက်လုပ်ထားသည့် မေတ္တာလမ်းကို အသုံးမပြုဘဲ ထားဝယ်မြို့မှ မိုင် ၂၀ ကျော်ဝေးသည့် ထိန်ကြီး-ကလုံးထား-ထိုင်းနိုင်ငံကို ကားလမ်းဖောက်မည် ဖြစ်သည်။ဘာပဲဖြစ်ဖြစ် ထားဝယ်မြို့ကြီးကတော့ ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး ရုန်းကြွလာနေပြီ ဖြစ်သလို အနာဂတ် လူငယ်များအတွက်လည်း ၁၀ နှစ် စီမံကိန်းဖြင့် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းကြီးမှာ အခွင့်လမ်းတွေ ရှိလာနိုင်တယ်၊ လူငယ်၊ လူလတ်ပိုင်း လုပ်ငန်းရှင်လေးတွေလည်း သူတို့နှင့် သင့်တော်မည့် စီးပွားရေးလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေသလို လုပ်ငန်းရှင်ကြီးတွေလည်း နေရာစုံမှ ရောက်ရှိနေကာ ထားဝယ်မြို့ရဲ့ စီးပွားရေး အလားလာများကို အကဲခတ်နေကြပြီ။

































